Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 35 — Surah Al-Hajj 22:35

ထို (ကျိုးနွံသောအစေခံများဖြစ်သည့်) သူတို့သည် (သူတို့ရှေ့ဝယ်) အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟပြောဆိုသောအခါ သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်၍ ရိုကျိုးကြသည့်အ ပြင် သူတို့၌ သက်ရောက်သော ဘေးဒုက္ခများနှင့်စပ်လျဉ်း၍လည်း (ဇွဲလုံ့လဝီရိယဖြင့် အစဉ်အမြဲ) သည်းခံကြံ့ခိုင်မှုရှိလျက် ဆွလာတ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြရုံသာမက သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော စားနပ်ရိက္ခာများ (နှင့်အခြား စွမ်းရည်စွမ်းပကားများ) အနက်မှ စွန့်လှူပေးကမ်းကြ၏။