Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 36 — Surah Al-Hajj 22:36
စင်စစ် ငါအရှင်မြတ်သည် (သင်တို့က စွန့်လှူရန်ရည်ရွယ်ထားသော) ကုလားအုတ်များနှင့်ကျွဲနွား တိရိစ္ဆာန်အစရှိသည့် သားကောင်များကို အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏အမှတ်သညာများအ နက်မှ ဖြစ်စေတော်မူပြီး ယင်းတို့၌ သင်တို့အတွက် ကောင်းကျိုးများစွာ ရှိ၏။ သို့ဖြစ်ပေရာ သင်တို့သည် ယင်း (စွန့်လှူမည့်သားကောင်) တို့ကို စီတန်း၍ ရပ်စေသည့်အနေအထား၌ထားရှိသောအခါ အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော် နာမတော်များကို သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့နောက် ယင်းတို့အား ဘေးစောင်းလဲကျစေ (၍ လှီဖြတ်ပြီး) သောအခါ ယင်းတို့မှ စားသုံးကြလော့။ ထို့ပြင် (လက်ဖြန့်တောင်း ခံခြင်းမပြုဘဲ) ရောင့်ရဲတင်းတိမ် (မှုဖြင့် သိက္ခာစောင့်စည်း) သူတို့နှင့် (သိက္ခာ မစောင့်စည်းနိုင်ဘဲ ဖွင့်ဟ) တောင်းခံသူတို့ကိုလည်း ကျွေးမွေး ကြလော့။ ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် သင်တို့ကျေးဇူးတတ်ရန်အလို့ငှာ ယင်း (ကုလားအုတ်ကျွဲနွား အစရှိ သောတိရိစ္ဆာန်) တို့ကို သင်တို့၏အသုံးခံများ ဖြစ်စေတော်မူ၏။