Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 37 — Surah Al-Hajj 22:37

(သင်တို့စွန့်လှူကြသော) ယင်း (သားကောင်) တို့၏ အသားများသည်လည်းကောင်း ယင်းတို့၏သွေးများ သည်လည်းကောင်း အလ္လာဟ်အရှင်မြတ်ထံတော်သို့ အလျှင်း ရောက်ရှိသည် မဟုတ်ပေ။ သို့ရာတွင် သင်တို့ထံမှ သက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးခြင်း) သာလျှင် ထိုအရှင် မြတ်ထံတော်သို့ ရောက်ရှိလိမ့်မည်။ ထိုနည်းအတိုင်းပင် သင်တို့အား လမ်းညွှန်ပြ တော်မူသမျှအပေါ် အလေး ထားလျက် အလ္လာဟ်အရှင်မြတ်က ကြီးမြတ်တော်မူကြောင်း ဂုဏ်တင်ချီး ကျူးနိုင်ကြရန်အလို့ငှာ ယင်းတို့ကို သင်တို့အတွက် သင်တို့၏အသုံးခံဩဇာခံများ ဖြစ်စေတော်မူ၏။ (အို၊ ရစူလ်တမန်တော်၊) မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပါးလော့။