Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 40 — Surah Al-Hajj 22:40

(ထိုသို့ ခွင့်ပြုတော်မူခြင်းမှာ) ထိုသူတို့သည် “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့် အကြောင်းမျှ မရှိဘဲ လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်ကာ) သူတို့၏အိုးအိမ်နယ်မြေများမှ နှင်ထုတ်ခြင်း ခံခဲ့ကြရသူများ ဖြစ်သောကြောင့်ပင် ဖြစ်၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူ သားတို့အား အချို့ကို အချို့ဖြင့် ထိန်းချုပ်တွန်းလှန်စေတော်မမူလျှင် ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားကျောင်းများ ဂျူးဘုရား ကျောင်းများနှင့် အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော် နာမတော်များကို အ ကြိမ်ပေါင်းမြောက်များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟသော နေရာဌာနဖြစ်သည့် ဗလီဝတ်ကျောင်းတော်များ (စသော ဘာသာရေးဆိုင်ရာ အဆောက် အအုံအားလုံး) အမှန်ပင် ဖြိုချဖျက်ဆီးခြင်း ခံကြရမည် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်ခြင်းဖြင့်) အရှင့်အတွက်ကူညီသူကို မုချပင် ကူညီစောင်မ တော်မူမည် ဖြစ်၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် အင်အားတောင့်တင်းမှု အလုံးစုံကို ပိုင်ဆိုင် တော်မူသောအရှင်၊ ဘုန်းတန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။