Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 44 — Surah Al-Hajj 22:44

မဒ်ယန်မြို့၏ပြည်သူတို့လည်း (ထိုသို့ပင် ငြင်းပယ်ခဲ့ကြ၏)။ ထို့ပြင် (တမန်တော်) မူဆာသည်လည်း (ဖာရိုမင်းနှင့်သူ့လူမျိုးတို့၏) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား (ပြစ်ဒဏ်ခတ်ခြင်းမှ ခေတ္တ) ရွှေ့ဆိုင်း ထားတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် (သူတို့က မယုံကြည်မှုနှင့်မတရားမှုကျူးလွန်ခြင်း၌သာ ဇွဲရှိရှိ ဆက်လက်ရပ်တည်ခြင်းကြောင့်) ဖမ်းဆီးအရေးယူတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ငြင်းဆိုချက်သည် မည်သို့ ထိတ်လန့်ဖွယ်ဖြစ်အံ့နည်း။