Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 45 — Surah Al-Hajj 22:45
စင်စစ် ငါအရှင်မြတ်သည် မြို့ရွာဒေသ မည်ရွေ့မည်မျှကို ယင်းတို့နေပြည်သူတို့က အရှင့်စည်းမျဉ်းတော် များကို ဖောက်ဖျက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံနေခဲ့ကြစဉ် တိမ်ကောဖျက်ဆီးစေတော်မူခဲ့ (ကြောင်းကို လူ့ဘဝခရီးစဉ် သမိုင်း၌ စူးစမ်းလေ့လာနိုင်) ၏။ သို့ဖြစ်ပေရာ ယင်းမြို့ရွာဒေသများ၏ (အဆောက်အအုံများနှင့်ယင်းတို့၏နံရံများ ပြိုကျရုံသာမက ခေါင်မိုးများပါပြို ကျပျက်စီးလျက် ယင်း) ခေါင်မိုး များပေါ်တွင်လည်း အပျက်အစီးများ ရှိနေ၏။ ထို့ပြင် များစွာသော ပျက်စီးနေသည့် ရေတွင်းများသည်လည်းကောင်း၊ မြင့်မားသော တိုက်တာအိမ်ယာဂေဟာအစရှိသည့် အဆောက်အအုံများ သည်လည်းကောင်း (ယနေ့တိုင် ရှေးခေတ်အမွေအနစ်များအဖြစ်) ကျန်ရှိနေသေး၏။