Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Hajj 22:46

သို့ပါလျက် သူတို့သည် သူတို့၌ အတွေးအခေါ်ရှိသော နှလုံးသား ကြားနာနားလည်နိုင်စွမ်းရှိသော နားများ ဖြစ်လာစေရန် မြေကမ္ဘာဝယ် လှည့်လည်သွားလာ (လျက် ရှေးခေတ်လူတို့၏ယဉ်းကျေးမှုအမွေအနစ် များကို စူးစမ်းလေ့လာသုံးသပ်) ခြင်း မပြုခဲ့ကြလေသလော။ (အမှန်တရားကို မြင်နိုင်စွမ်း လက်ခံနိုင်စွမ်း မရှိခြင်းသည် အမြင်အာရုံချို့တဲ့လျက်) ဧကန်ပင်၊ မျက်စိများ၊ ကန်းနေခြင်း မဟုတ်ပေ။ အမှန်မှာ (ဆင် ခြင်တုံ တရားသုံး၍ တွေးခေါ်နားလည်းနိုင်စွမ်းမရှိသောကြောင့်) ရင်များ၌ရှိသော စိတ်နှလုံးများသည်သာ ကန်းနေခြင်း ဖြစ်၏။