Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 48 — Surah Al-Hajj 22:48
ငါအရှင်မြတ်သည် မြို့ရွာဒေသ မည်ရွေ့မည်မျှကို ယင်းတို့နေပြည်သူတို့က အရှင့်စည်းမျဉ်းတော်များ ကို ဖောက်ဖျက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံနေခဲ့သော်လည်း (အလျင်စလို အရေးယူ တော်မမူဘဲ အမြင်မှန်ရစေရန်) ရွှေ့ဆိုင်းပေးတော်မူခဲ့ (ကြောင်းကို လူ့ဘဝခရီးစဉ် သမိုင်း၌ စူးစမ်းလေ့လာနိုင်) ၏။ ထို့နောက် ငါအရှင်မြတ်သည် (သူတို့က မယုံကြည်မှုနှင့် မတရားမှုကျူးလွန်ခြင်း၌သာ ဇွဲရှိရှိ ဆက်လက်ရပ် တည်ခြင်းကြောင့်) ဖမ်းဆီးအရေးယူတော်မူခဲ့၏။ ထို့ပြင် (ထိုသူတို့အားလုံးသည်) ငါအရှင်မြတ်ထံသို့သာလျှင် (သူတို့၏နောက်ဆုံးပန်းတိုင်အဖြစ်) ရောက်ရှိကြရမည် ဖြစ်၏။