Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 5 — Surah Al-Hajj 22:5
အို၊ လူသားအပေါင်းတို့၊ အကယ်၍ သင်တို့သည် ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေ ကြပါလျှင် (သင်တို့၏ပတ်ဝန်းကျင်ကို လေးနက်စွာ တွေးတောဆင်ခြင် စဉ်းစား၍ လေ့လာသုံး သပ်ကြည့် ကြလော့)။ ဧကန်ပင်၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတ ဖြစ်တည်မှု) ကို မြေကြီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် သုက်ရည်တစ်စက်မှ လည်း ကောင်း၊ ထို့နောက် (သားအိမ်နံရံတွင်) တွယ်ကပ်နေသောအရာ (သွေးခဲ) မှလည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင် ၍ ပုံမှန်အသွင်သဏ္ဍန်ဖြစ်စေမည့် အသားတုံးမှ လည်းကောင်း၊ အင်္ဂါ မစုံလင်၍ ပုံမမှန်အသွင်သဏ္ဍန်ဖြစ်စေမည့် အသားတုံးမှ လည်းကောင်း၊ သင်တို့ မြင်သာထင်ရှားစွာ သိမြင်နားလည်နိုင်ရန် ဖွဲ့စည်းဖြစ်တည်မှုစနစ်ကို အသေးစိတ် ရှင်းပြတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သားအိမ်များတွင် (ယင်းသန္ဓေသားကို) အရှင့်ဆန္ဒ တော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့် သတ်မှတ် ချိန်ကာလအထိ တည်ရှိစေတော်မူပြီးနောက် ငါအရှင်မြတ်သည်ပင် သင်တို့အား (မိခင်ဝမ်းတွင်းမှ လောကီကမ္ဘာသို့ နို့စို့အရွယ်) ကလေးသူငယ်အဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် လူလားမြောက်သောအရွယ်သို့ ရောက်ရှိ (နိုင်ကြရန်လည်း ငါအရှင်မြတ်က ပြုစုပျိုးထောင်) စေတော်မူ၏။ တစ်ဖန် သင်တို့အနက်မှ (အချို့သည် အရွယ်မရောက် လူလား မမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိပြီး သင်တိုအနက် အချို့မှာမူ (အသက်ရှင် ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် အတတ်ပညာ၊ အသိပညာများကို ဆည်းပူးသင်ကြား၍ သိနားလည်ပြီး နောက်) မည်သည့်အရာ၏အသိတရားမျှ (မှတ်ဉာဏ်၌ မကျန်ရစ်သကဲ့သို့) မသိနားလည်သော (သူငယ်ပြန် အရွယ်) အိုမင်း မစွမ်းအခြေအနေသို့ ရောက်သူများလည်း ရှိကြ၏။ (အရှင်မြတ်က ရှင်ပြန်ထစေတော်မူမည်ကို ထောက်ပြနေသော နောက်ထပ် သက်သေအထောက်အထားတစ်ခုမှာ ကမ္ဘာမြေပင် ဖြစ်၏။) အသင်သည် သွေ့ ခြောက်၍ သက်မဲ့အနေအထား၌ ရှိသောကမ္ဘာမြေအား တွေ့မြင်နိုင်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို (မြေကမ္ဘာ) အပေါ်ဝယ် မိုးရေကို သွန်းချတော်မူ၍ မိုးရေသည် မြေကြီးထဲ စိမ့်ဝင် မွှေနှောက်လျက် ယင်းကို ဖောင်းဖွစေကာ ယင်းမှ (အရောင်၊ အဆင်း၊ အနံ့အရသာ မျိုးစုံရှိသော ကောက်ပဲသီးနှံများ သစ်သီးဝလံ များနှင့်မြက်ပင်၊ ပန်းပင်အစရှိသော) သာယာချမ်းမြေ့ဖွယ်ရာနှင့်လှပကြည်နူးဖွယ်ရာ သစ်ပင်ပန်းပင်နှင့်သဘာဝ ပေါက်ပင်မျိုးစုံကို ပေါက်ရောက်စေတော်မူ၏။