Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 52 — Surah Al-Hajj 22:52

စင်စစ် အသင် (တမန်တော်) မတိုင်မီ ငါအရှင်မြတ်သည် စလွှတ်တော်မူခဲ့သော မည်သည့် ရစူလ်တမန်တော်နှင့်နဗီတမန်တော်ပင်ဖြစ်စေ သူသည် လူတို့အား အရှင့်အမိန့်တော် ထုတ်ပြန်ချက်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြသောအခါ စေတန်မကောင်းဆိုးဝါးသည် ထို (အမိန့်ပညတ်ချက်များ) နှင့်ပတ်သက်၍ (စောင်းပါးရိပ် ခြေပြောခြင်း လူတို့က ထိုအမိန့်တော်များ၏အဓိပ္ပါယ်ကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် ကြိုးပမ်းခြင်းဖြင့်) လူတို့ အား အမှန်တရားမှ လွဲချော်ရန် ကြိုးစားခြင်းမခံရသော တမန်တော်ဟူ၍ မရှိပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးက ကြိုးပမ်း ခင်းကျင်းခဲ့သမျှ (လူတို့၏စိတ် နှလုံးထဲ ထည့်သွင်းသမျှသော ဒွိဟသံသယမှုများ) ကို ရုပ်သိမ်းပပျောက် စေတော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ် သက်သေလက္ခဏာတော်များကို (ပိုမို၍ပင်) တည်တံခိုင်မြဲစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။