Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 53 — Surah Al-Hajj 22:53

ထိုအရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးက လူတို့အား အယုံသွင်းစေရန် စောင်းမြောင်း ပြောဆိုသမျှကို စိတ်တွင်း၌ (ယုံကြည်မှုဆိုင်ရာ ဒွိဟသံသယများ) ရောဂါဝေဒနာများရှိနေသူတို့နှင့် (အာခံဖီဆန်မှုကြောင့်) စိတ်နှလုံးခက်ထန်မာကျောသူတို့အတွက် စမ်းသပ်မှုတစ်ရပ် ဖြစ်စေတော်မူရန်သာ ဖြစ်ပေသည်။ ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် အမှန်ပင် (သဘောထား) ဂိုဏ်းဂဏကွဲပြားမှု၌ရှိနေလျက် (အမှန်တ ရားမှ) အလှမ်းဝေးကွာစွာ ရှိနေကြ၏။