Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 54 — Surah Al-Hajj 22:54
ထို့ပြင် ဉာဏ်ပညာ ချီးမြှင့်ပေးအပ်တော်မူခြင်းခံကြရသောသူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော် မြတ်) သည်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာဖြစ်ကြောင်း သိနားလည်ကြရန်လည်း ဖြစ်၏။ သို့မှသာ သူတို့သည် ယင်း (ကျမ်းမြတ်တော် မြတ်ကုရ်အာန်) ကို (ပိုမို၍ပင်) ယုံကြည်လာကြပေမည်။ သို့ဖြစ်ပေရာ သူတို့၏စိတ်နှလုံးများကိုလည်း ထို အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှု) အတွက် ကျွိုးနွံစွာ နာခံအပ်နှံရန်ပင် ဖြစ်သည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို အ မှန်ပင် ညွှန်ပြတော်မူသောအရှင် ဖြစ်တော်မူ၏။