Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 55 — Surah Al-Hajj 22:55

စင်စစ်သော်ကား မယုံမကြည် (သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော) သူတို့သည် ရှင်ပြန်ထရမည့် နောက်ဆုံးနေ့နာရီက သူတို့ထံ ရုတ်တရက် ရောက်လာသည့်အထိ၊ သို့တည်းမဟုတ် (မျှော်လင့်ချက်တိုင်းက လက်မှိုင်ချခြင်းအဖြစ်သို့ ပြောင်းရသည့်) ပြစ်ဒဏ်သည် သူတို့ထံ ရောက်လာလျက် အကြောင်းမလှသော (အမင်္ဂလာ) နေ့နှင့်ကြုံသည်အထိ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ ဒွိဟသံသ ယ၌ပင် ရှိမြဲ ရှိနေခြင်းကို ရပ်စဲမည် မဟုတ်ပေ။