Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 58 — Surah Al-Hajj 22:58
(ထို့ပြင် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်သောကြောင့် ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီးနောက်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ (သူတို့၏ဇာတိမြေအိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကိုစွန့်၍) ရွှေ့ ပြောင်းကြ သူတို့သည် (ထိုသို့နေရင်းစွန့်၍ ပြောင်းရွေ့နေထိုင်စဉ်) အသတ်ခံခဲ့ကြရသည်ဖြစ်စေ၊ သို့မဟုတ် သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလွန်ကောင်းမြတ်သော ရိက္ခာအထောက်အပံ့ များဖြင့် ရိက္ခာချီးမြှင့်ပေးအပ်တော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံး ရိက္ခာ ထောက်ပံ့တော်မူသောအရှင် မုချပင် ဖြစ်တော်မူ၏။