Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 60 — Surah Al-Hajj 22:60
ထိုနည်းအတိုင်းပင် (အရှင်မြတ်သည် အရေးကိစ္စဟူသမျှကို အသေးစိတ်ရှင်းပြတော်မူ၏)။ ထို့ပြင် မည်သူမဆို သူ့အား မတော်မတရား ကျူးကျော်ရန်စ၍ ခံစားစေခဲ့သည့်အတိုင်းအတာနှင့်အညီ ပြန်လည် လက်တုံ့ခွင့်ရှိ၏။ ထို့နောက် တစ်ဖန် ထိုသူသည် (နောက်ထပ်တစ်ကြိမ်ထပ်မံ၍) သစ္စာမဲ့စွာဖြင့် ကျူးလွန် ရန်စခဲ့သော် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ထို (မတရားကျူးကျော်ခြင်းခံရသော) သူအား ကူ ညီတော်မူမည်ဖြစ် (၍ အစိုးရကလည်း သူ့ဘက်မှ ရပ်တည်ရမည်ဖြစ်) ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မ တိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အမှန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာ တော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။