Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 62 — Surah Al-Hajj 22:62

ထိုကဲ့သို့ဖြစ်တည်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (သက်ရှိသက်မဲ့ အားလုံးကို အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ ဖြစ်တည်စေတော်မူသော အမြဲအမှန်ထာဝရတည်ရှိနေတော်မူသည့်အရှင်) ပရမတ္တသစ္စာဖြစ်တော်မူပြီး အလ္လာဟ်အရှင်မြတ်မှအပ (အခြား မည်သည့်သက်ရှိ သက်မဲ့ကို ပင်ဖြစ်စေ၊ ယုံကြည် ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ထံ) ဟစ်ခေါ်ဆုတောင်းပန်ကြားလျှင် ယင်းတို့ အားလုံးသည် မိစ္ဆာဒိဌိပင် ဖြစ်သောကြောင့်တည်း။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်သာ အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲတော်မူသောအရှင်၊ ဖြစ်တော်မူ၏။