Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 63 — Surah Al-Hajj 22:63

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို သွန်းချစေတော်မူသောကြောင့် မြေကမ္ဘာမှာ စိမ်းလန်းစိုပြေ လာခြင်းဖြစ်သည်ကို အသင်သည် မတွေ့ မမြင် မသုံးသပ်မိလေသလော။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အနုစိတ် ရှုထောင့်သွင်ပြင်များကိုပင် ထိုးထွင်းသိမြင်တော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်း နိယာမတော်များဖြင့် မသေချာမရေရာမှုများကိုပင် ပြီးမြောက်အောင် ဖြစ်စေတော် မူပြီး လူသားတို့ဉာဏ်မမီနိုင်အောင်) အလွန်တရာ နက်နဲသိမ်မွေ့တော်မူသောအရှင်၊ (အရာခပ်သိမ်းတို့၏သတင်း အချက်အလက်အသေးစိတ်ကို) အစဉ် သတင်းရနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။