Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 65 — Surah Al-Hajj 22:65

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မြေကမ္ဘာ၌ရှိသောအရာဟူသမျှနှင့်အရှင့်စီမံချက် (နိယာမတရား) ဖြင့် ပင်လယ်ပြင်၌ စီးမျောသွားလာနေသောရေယာဉ်သင်္ဘောများကို သင်တို့အတွက် အလုပ်အ ကျွေးပြုသော အရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကို အသင် မတွေ့ မမြင် မသုံးသပ်မိ လေသလော။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင့်ခွင့်ပြုချက်မရှိဘဲ မိုးကောင်းကင်အား ကမ္ဘာဂြိုဟ်ပေါ်သို့ ပြိုကျ မသွားရန် ထိန်းချုပ်ထားတော်မူသည်။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံ) လူသားများနှင့်စပ်လျဉ်း၍ (အရှင့်အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ သူတို့၏ဒုက္ခအ ခက်အခဲများကို ဖယ်ရှားလွယ်ကူစေ ရာတွင်) အလွန်ပင်ညှာတာတော်မူသောအရှင် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။