Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 66 — Surah Al-Hajj 22:66

ထိုအရှင်မြတ်သည်ပင်လျှင် သင်တို့အား အသက်ရှိသော လူသား (အဆင့်သို့) ဖြစ်စေတော်၏၊ တစ်ဖန် သင်တို့အား သေစေတော်မူပြီးနောက် (ကွယ်လွန်လျှင် မြေမြှပ်သဂြိုဟ်၍ မြေကြီးဖြစ်သွားမည်။ သို့မ ဟုတ်၊ မီးရှို့ သဂြိုဟ်၍ ဖြာဖြစ်သွားမည်ဟု မှတ်ယူနေခြင်းမှ) တစ်ဖန် ရှင်ပြန်ထမြောက်စေတော်မူမည် ဖြစ်၏။ ဧကန်မလွဲ၊ လူသားသည် (အမှန်တရားကို မယုံကြည် ဖီဆန်ငြင်းပယ်၍) အလွန်တရာ ကျေးဇူး ကန်းသူ အမှန်ပင် ဖြစ်ပေ၏။