Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 71 — Surah Al-Hajj 22:71

စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ယင်းနှင့်ပတ်သက်၍ ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ မည်သည့်အခွင့်အာဏာကိုမျှ အရှင်မြတ်က ချမှတ်ပေးတော်မူခြင်းမရှိသော ယင်းနှင့်ပတ်သက်၍ သူတို့မှာ မည်သည့် အသိပညာမျှ မရှိသော အခြားသောသက်ရှိသက်မဲ့များကို ဆည်းကပ်ကိုးကွယ်ကြ၏။ ထို့ပြင် အရှင့် စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောသူတို့အတွက် (အရှင့် ပြစ်ဒဏ်မှ လွတ်မြောက်စေရန်) မည်သည့် ကူညီ စောင့်မမည့်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။