Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 72 — Surah Al-Hajj 22:72
ထို့ပြင် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သော အာယသ် သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ အသင်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန် ငြင်းပယ်သူတို့၏မျက်နှာများတွင် မနှစ်မြို့ဖွယ်ရာ သွေဖည်ငြင်းဆန်မှုကို သတိမူ တွေ့မြင်ရပေမည်။ သူတို့သည် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက် ရောက်) တိုက်ခိုက် လုနီးနီး ဖြစ်ကြ၏။ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “ကျွန်ုပ်သည် သင်တို့ အား (သင်တို့ယခု မနှစ်မြို့ဖွယ်ရာဟု ထင်မြင်သော) ထို့ထက်ပင် ပိုမိုဆိုး ရွားလှသောအရာကို သတင်းပေး ဆင့်ပြန်ရမည်လော။ (ထိုအရာသည်ကား ငရဲ) မီးပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ အမှန် တရားကို ဖီဆန်ငြင်းပယ်သော သူတို့အား ယင်း (ငရဲမီးထဲသို့ ရောက်စေတော်မူမည်ဖြစ်ကြောင်း) ကို ကတိပြု ထားတော်မူ၏။ စင်စစ်သော်ကား (ယင်းငရဲမီးသည်) အလွန်ဆိုးရွားလှသော ဘဝခရီးပန်းတိုင် (ပြန်လည်ရာဌာန) ပင် ဖြစ်၏။