Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 73 — Surah Al-Hajj 22:73

အို၊ လူသားအပေါင်းတို့၊ ဥပမာ ပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းမည်ဖြစ်ရာ သင်တို့သည် ယင်းဥပမာ ပုံဆောင်ချက်ကို (ကောင်းစွာ) ကြားနာကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့က (ကိုးကွယ်ရာများအဖြစ်မှတ်ယူ၍) ဟစ်ခေါ် (တသလျက် ဆည်းကပ် ကိုးကွယ်လျက်ရှိ) ကြသောအရာများ (၏ အရည်အချင်း) မှာ ယင်းတို့အားလုံးကို (တစ်စည်းတစ်လုံးတည်း) စုရုံး (စေ၍ ကြိုးပမ်းအား ထုတ်စေ) ကြသည့် တိုင်အောင် (ယင်းတို့သည်) ယင်ကောင်တစ်ကောင်ကိုပင် အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်ကြမည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ယင်ကောင်တစ်ကောင်သည် (သင်တို့ကိုး ကွယ်ရာများအဖြစ် ဆည်းကပ်ကိုး ကွယ်နေကြသော) သူတို့ထံမှ တစ်စုံတစ်ရာကို ဆတ်ခနဲယူငင်သွားလျှင် သူတို့သည် ထိုအရာကို ယင်းယင် ကောင်ထံမှ ပြန်လည် ရယူနိုင်ကြသည် မဟုတ်ချေ။ ကြိုးပမ်း တောင်းခံ၍ ရှာဖွေဆည်းပူးနေသူ (အားကိုးတကြီး ယုံကြည်ကိုးကွယ် ဆည်းကပ်နေသူများ) နှင့်ရှာဖွေဆည်းပူးခြင်းခံရသူများ (ကိုးကွယ်ဆည်းကပ်ရာ ရုပ်တုဆင်းပွားများ) သည် အလွန်ပင် အားနည်း ချိနဲ့လှပေ၏။