Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 78 — Surah Al-Hajj 22:78
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်မြို့အတွက် (အရှင့်အမိန့်တော်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အရှင့်ရန်သူများကို တော်လှန်ရန် စေတန်မကောင်းဆိုးဝါးနှင့်မကောင်းမှကို အားပေးတိုက်တွန်းသော စိတ်အလိုရမ္မက်တို့နှင့်ဆန့်ကျင့်၍ စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) သက် စွန့်ကြိုးပမ်းဆောင် ရွက်ရန် တာဝန်ရှိသည်နှင့်အညီ ရုန်းကန်လှုပ်ရှားကြလော့။ ထိုအရှင်မြတ်သည် အ သင်တို့အား (အရှင့်အမိန့်တော် များနှင့်အညီ တာဝန်ကျေပွန်စွာ ဘဝတည်ဆောက်ရန်) ရွေးချယ်တော်မူပြီး သင်တို့၏ဖခင်ကြီး (တမန်တော်) အီဗ်ရာဟီမ်၏လမ်းစဉ် (ကျင့်စဉ်) နည်းတူ သင်တို့အပေါ်တွင် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ၌ မည်သည့် ကျပ်တည်းခဲယဉ်းမှု တစ်စုံတစ်ရာ ကိုမျှပင် ပြုတော်မမူခဲ့ချေ။ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်)သည် သင်တို့နှင့်ပတ်သက်၍ (စံပြအဖြစ် လိုက်နာနိုင်ရန်) သက်သေဖြစ်အံ့သောငှာလည်းကောင်း၊ အသင်တို့သည်လည်း လူသားတို့နှင့်ပတ်သက်၍ (စံနမူနာ ယူဖွယ်ရာ) သက်သေများ ဖြစ်ကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် သင်တို့အား ယခင်ကပင် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းလိုလားသော) မွတ်စလင်ဟူ၍ အမည်ကင်ပွန်း တပ်ပေးတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ''ဆွလာသ်'' ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက် တည်ကြလော့။ ထို့ပြင် ''ဇကာသ်''(ခေါ် တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့အတွက် စွန့်လှူရသော လူမှုဖူလှုံကြေး) ကိုလည်း ပေးဆောင်ကြစလော့။ (သင်တို့၏အရေး ကိစ္စအားလုံးတွင်) အလ္လာဟ်အရှင်မြတ် (၏ကျမ်း တော်မြတ်ကုရ်အာန်နှင့်အညီ အရှင့်) အားသာလျှင် စွဲမြဲစွာ ဆုပ်ကိုင်ထားကြလော့။ ထိုအရှင်မြတ်သည် (သင်တို့၏ အရေးကိစ္စအားလုံး၌) သင်တို့အား ကာကွယ်စောင့်ရှောက်သူဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ (ထိုအရှင်မြတ်သည်) အဘယ်မျှလောက် ကောင်းမြတ်လှသော၊ (ကိစ္စအဝဝတွင် ကူညီစောင်မတော်မူသော) ဆောင်ရွက်ပေးတော်မူသော ကာကွယ်စောင့်ရှောက်သူ ဖြစ်ဘိနည်း။ အဘယ်မျှလောက် ကောင်းမြတ်လှသော၊ ကူညီစောင်မတော်မူ သောအရှင် ဖြစ်တော်မူဘိသနည်း။