Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 103 — Surah Al-Muminun 23:103

သို့ရာတွင် မည်သူမဆို (ကောင်းမှုဘက်တွင်) အလေးချိန် ပေါ့လျော့နေလျှင် ထိုသူတို့မူကား သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူတို့အလိုရမ္မက်အတွက်သာ အသုံးချလျက် ဆုံးရှုံးစေခဲ့သူများ ဖြစ်လျက် ငရဲဘုံ၌ ထာဝစဉ် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည် ဖြစ်၏။