Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 109 — Surah Al-Muminun 23:109

ဧကန်စင်စစ်၊ ငါအရှင်မြတ်၏အစေခံတို့အနက်မှ အုပ်စုတစ်စုက “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါ ၏။ ထို့ကြောင့် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့အား ကရုဏာသက်တော်မူပါ။ စင်စစ်သော်ကား အသင် (အရှင်မြတ်) သည် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူပြီး အကောင်းမြတ်ဆုံးသော အကြင်နာရှင် ဖြစ်တော်မူ၏။