Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 116 — Surah Al-Muminun 23:116

သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းထက် အထွတ်အထိပ်ဆုံး ပကတိအချုပ်အခြာ အာဏာအပိုင်ဆုံး ပရမတ္တသစ္စာတရားပင် ဖြစ်တော်မူ၏။ (အလ္လာဟ်အရှင်မြတ်သည် လူသားအား လောကီဘဝအတွက်သာ အချည်းနှီး ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းမှ လုံးဝ ကင်းစင် မြင့်မြတ်လှတော်မူ၏။) ထိုအရှင်မြတ် မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ (စကြ ဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်း တို့ကို ဖွဲ့စည်းဖြစ်တည်ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင် တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။