Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 117 — Surah Al-Muminun 23:117
စင်စစ်သော်ကား မည်သူမဆို (သက်ရှိသက်မဲ့များအနက်မှ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ကို ကိုးကွယ်ထိုက်သော မည်သည့် အရည်အချင်းနှင့်) အထောက်အထားမျှ မပါဘဲလျက် (သူ၏စိတ်ကူးယဉ် ထင်မြင်ယူဆချက်အရ) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသော ကိုးကွယ်ရာအဖြစ် ဟစ်ခေါ်ပန် ကြား၍ ဆည်းကပ်ကိုးကွယ်သည်ရှိသော်၊ ထိုသူသည် သူအား ဖွဲ့စည်းဖြစ်တည်စေ၍ ပြု စုပျိုးထောင်စေတော်မူ သော အရှင်မြတ်ထံတော်၌ စစ်ဆေးမေးမြန်းတော်မူခြင်းခံရမည်သာ ဖြစ်၏။ ဧကန်ပင်၊ မယုံကြည်သူအမှန် တရားကို ဖီဆန်ငြင်းပယ်သူတို့သည်ကား အောင်မြင်မှု ရရှိကြမည် မဟုတ်ပေ။