Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 14 — Surah Al-Muminun 23:14

ထို့နောက် ငါအရှင်မြတ်သည် ထိုကလလရေကြည်ကို (သားအိမ်နံရံတွင်) တွယ်ကပ်နေသည့် အတုံးအဖု အဖြစ်လည်းကောင်း ထိုမှတစ်ဖန်သွေးခဲအဖြစ်သို့ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြီးနောက် တစ်ဖန် ငါအရှင်မြတ် သည်ပင် ထိုသွေးခဲကို အသားတုံးအဖြစ် ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုအသားတုံး၌ အရိုးများ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုအရိုးများကိုတစ်ဖန် အသားအရေဖြင့် တန်ဆာဆင်မြန်း၍ ခြုံပေးတော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် (ထိုအရိုး အသားတုံးနှင့်အသားအရေတို့အား အရှင့်ဆန္ဒတော်၏စည်းမျဉ်းနိယာမတော်နှင့်အညီ) ယင်းကို ဖွံ့ ဖြိုးစေတော်မူ၍ သီးခြား ဖွဲ့စည်းဖြစ်တည်မှုအဖြစ် ဖြစ်ပေါ်လာစေတော်မူ၏။ သို့ဖြစ်ပေရာ အရာခပ်သိမ်းတို့ကို အကောင်းဆုံးသော အသင့်တော်အလိုက်ဖက်ဆုံး (ပုံပန်းသဏ္ဍာန်များဖြင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူသော အဘယ်မျှ အလ္လာဟ်အရှင်မြတ်သည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူပြီး ထူးကဲမြင့်မြတ်လှဘိနည်း။