Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 21 — Surah Al-Muminun 23:21
ဧကန်စင်စစ်၊ သင်တို့အတွက် (မြက်စားသော ကုလားအုတ်၊ ကျွဲ နွား၊ သိုး၊ ဆိတ်စသည့်) ခြေလေးချောင်းတိရစ္ဆာန်များတွင် (ဆင်ခြင်သုံးသပ်၍ စံနမူနာယူဖွယ်ရာ) သင်ခန်းစာတစ်ရပ်ရှိနေ၏။ ငါအရှင်မြတ် သည် သင်တို့အား ယင်း (တိရိစ္ဆာန်) တို့၏ဝမ်းတွင်း၌ရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။ ထို့ပြင် ယင်းတို့၌ သင်တို့အတွက် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိသည့်အပြင် သင်တို့သည် ယင်းတို့အနက်မှ စားသုံးကြနိုင်၏။