Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 27 — Surah Al-Muminun 23:27
(တမန်တော်) နူးဟ်၏ထံသို့ “အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ရှေ့တော် မှောက်တွင် ရေယာဉ်သင်္ဘောကို ပြုလုပ်တည်ဆောက်လော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချတော်မူခဲ့ ၏။ ထို့နောက် “အရှင့်အမိန့်တော်ရောက်လာ၍ (ကမ္ဘာ့မြေလွှာအောက်တွင်ရှိသော ကျောက်ရည်ပူကို ကိုယ်စားပြု သည့်”) ဘွိုင်လာအိုးသည် (ဆူနာမီဖြစ်စေရန်) ဆူပွက်လျှံထွက်လာသည့်အချိန်အထိ “ထို (သင်္ဘော) ပေါ်၌ (သက်ရှိသတ္တဝါများအနက်မှ ဖိုမ) တစ်စုံစီကိုလည်းကောင်း၊ သူနှင့်ဆန့်ကျင်၍ အရှင့်ဗျာဒိတ်တော် (စီရင်ချက်) ကို ရှေ့ပြေးပဏာမအဖြစ် ဖော်ပြတော်မူခဲ့သောသူမှအပ သင်၏မိသားစုနှင့်ယုံ ကြည်သူများကိုလည်း တင်ဆောင်လော့။” ဟု ငါအရှင်မြတ်အမိန့်တော်ထုတ်ပြန်ခဲ့သည် သို့ရာတွင် (အရှင့်စည်းမျဉ်းတော်များကို ချိုး ဖောက်ကျူး လွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသော သူတို့နှင့်ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ်ထံတော်တွင် (မည်သည့်တစ်စုံတစ်ရာအတွက်မျှ) လျှောက်ထားပန်ကြားခြင်း မပြုလေနှင့်။ ဧကန်ပင်၊ သူတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြ၏။