Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 32 — Surah Al-Muminun 23:32

တစ်ဖန် ငါအရှင်မြတ်သည် ထိုမျိုးဆက်၌လည်း သူတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို ပွင့်ပေါ်စေ၍ စေလွှတ်တော်မူခဲ့ရာ (ထိုရစူလ်တမန်တော်ကလည်း) “သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ လျှင် ခဝပ်ကိုးကွယ်ကြလော့။ ထိုအရှင်မြတ်မှအပ သင်တို့အတွက် အခြားကိုးကွယ်ထိုက်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့ပါလျက် သင်တို့သည် (အခြားမည်သည့်သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအဖြစ် မသတ်မှတ်မိစေရန်) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ခြင်း မပြုကြလေသလော။” ဟု ဟောပြောခဲ့၏။