Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Muminun 23:33

ထို့ပြင် ထိုရစူလ်တမန်တော်၏လူမျိုးတို့အနက်မှ ငါအရှင်မြတ်က သူတို့အား ဤလောကီဘဝတွင် စည်း စိမ်ချမ်းသာကို ချီးမြှင့်ပေးသနားတော်မူသော်လည်း အမှန်တရားကို မယုံမကြည်၊ သွေဖည်ငြင်းပယ်ကြသည့်အပြင် တမလွန်ဘဝနှင့်တွေ့ကြုံရင်ဆိုင်ရမည်ကိုလည်း မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းဆိုခဲ့ကြသော အကြံပေးအကြီးအကဲတို့က (အဆိုပါ ရစူလ်တမန်တော်နှင့်ပတ်သက်၍) “ဤပုဂ္ဂိုလ်သည် သင်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးသာလျှင် ဖြစ်၍ သူသည် အသင်တို့ စားသုံးကြသောအရာများကို စားသုံးသည်သာမက အသင်တို့ သောက်ကြသောအရာများကိုပင် သောက်သုံးသည်။” ဟု ပြောဆိုခဲ့ကြ၏။