Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 44 — Surah Al-Muminun 23:44
ထို့နောက် ငါအရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များအား တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့၏။ မည်သည့်အချိန်အခါ၌ဖြစ်စေ၊ လူမျိုးတစ်မျိုးထံသို့ ယင်းအတွက် သတ်မှတ်ခဲ့သော ရစူလ်တမန်တော် သည် ပွင့်ပေါ်ရောက်ခဲ့သည့်အခါတိုင်း ထိုလူမျိုးသည် ထိုရစူလ်တမန်တော်အား မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်း ပယ်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူတို့အား အချို့၏ (တိမ်ကောပျက်စီးကိန်း) နောက်သို့ အချို့ကို လိုက်စေတော်မူပြီး သူတို့အား (တရားရဖွယ်ရာများပါရှိသည့်) သမိုင်းကြောင်းများ ဖြစ်ပေါ် (ကျန်ရစ်) စေတော်မူ၏။ သို့ဖြစ်ပေရာ သက်ဝင်ယုံကြည် ခြင်းမရှိသော လူမျိုးတို့သည် (အရှင့်ကရုဏာတော်မှ) ကင်းဝေးစေတော်မူ၏။