Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 52 — Surah Al-Muminun 23:52

ဧကန်မလွဲ၊ ဤ (လူ့သမိုင်းတစ်လျှောက်၌ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးနှင့်သူတို့၏နောက်လိုက်များဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အသိုင်းအဝိုင်း) သည် (အမှန်တရားသစ္စာပေါ် အခြေခံသည့်) သင်တို့၏တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းပင် ဖြစ်ပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့ သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးကြလော့။