Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 62 — Surah Al-Muminun 23:62
အမှန်စင်စစ်၊ ငါအရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ ယင်း၏စွမ်းရည်နှင့်အညီမှအပ (မနိုင်သော တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်စေတော်မူသည် မဟုတ်ပေ၊ ထို့ပြင် ငါအရှင်မြတ်ထံတော်တွင် အရာခပ်သိမ်းနှင့်စပ်လျဉ်း အမှန်တရားသစ္စာဖြင့်သာ ပြောဆိုဆုံးဖြတ်စေသော မှတ်တမ်းစာအုပ် တစ်အုပ် ရှိနေပြီး သူတို့သည် (စိုးစဉ်းမျှပင်) မတော်မတရား (အရေးယူတော်မူခြင်း) ခံကြရစေမည် မဟုတ် ပေ။