Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 68 — Surah Al-Muminun 23:68

သို့ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ထိုစကားတော် (ကျမ်းတော်မြတ်ကုရ်အာန်) ကို နက်နဲစွာ တွေးဆချင့်ချိန် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။ သို့တည်းမဟုတ် သူတို့အလျင် လွန်​လေခဲ့ပြီးသော သူတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ထံ ရောက်ရှိလာခဲ့ခြင်းမရှိသော အရာသည်(ယခု) သူတို့ထံ ရောက်ရှိလာခဲ့လေသလော။