Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 70 — Surah Al-Muminun 23:70

သို့တည်းမဟုတ် သူတို့သည် ထိုရစူလ်တမန်တော်၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆို ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုရစူလ်တမန်တော်သည် သူတို့ထံ အမှန်တရားသစ္စာနှင့် ရောက်ရှိလာခြင်း ဖြစ်၏။ သို့ရာတွင် သူတို့အနက် အများစုမှာမူကား အမှန်တရားသစ္စာကို (မထီမဲ့မြင်ပြု ကြသော) စက်ဆုပ်သူများပင် ဖြစ်ကြ၏။