Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 71 — Surah Al-Muminun 23:71
စင်စစ်သော်ကား အကယ်၍ အမှန်တရားသစ္စာသည် (အလ္လာဟ်အရှင်မြတ်သည်) သူတို့၏အလိုဆန္ဒရမ္မက်များကို လိုက်နာမိလျှင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်သည်လည်းကောင်း ယင်းတို့၌ ရှိကြသူတို့ သည်လည်းကောင်း၊ စာရိတ္တဖောက်ပြန်၍ အမှန်ပင် ပျက်စီးသွားကြမည်သာ ဖြစ်၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် (သင်တို့ဘဝ၌ ဂုဏ်သိက္ခာနှင့်ချမ်းမြေ့ပျော်ရွှင်မှုခံစားနိုင်အောင် အရေးစိုက်ရန်အတွက်) သူတို့အတွက် သတိရတသ၍ ဖွင့်ဟစရာ (ဆုံးမသြဝါဒ) ကို သူတို့ထံ ရောက်စေ၍ ချမှတ်ပေးအပ်တော်မူခဲ့၏။ သို့ရာတွင် သူတို့သည် သူတို့အတွက်သာဖြစ်သော သတိရ တသ၍ ဖွင့်ဟစရာ (ဆုံးမသြဝါဒ) မှ မျက်နှာလွှဲ ကျောခိုင်းခဲ့ကြ၏။