Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 23 - Al-Muminun
Translation by Alin U Yin — Permalink
Verse 80 — Surah Al-Muminun 23:80
ထိုအရှင်မြတ်သည်ပင် (အရှင့်နိယာမတော်နှင့်အညီ) အသက်ရှင်စေတော်မူသောအရှင်၊ သေစေတော်မူ သောအရှင် ဖြစ်တော်မူ၏၊ ထို့ပြင် ညနှင့်နေ့တို့၏အပြောင်းအလဲသည်လည်း ထိုအရှင်မြတ် (၏နိယာမတော်အတိုင်း ဖြစ်ပေါ် ပြောင်းလဲနေခြင်းဖြစ်ပြီး အရှင်မြတ်က ပြဌာန်းတော်မူသည့် ရည်ရွယ်ချက်) အတွက် ဩဇာခံနေခြင်း ဖြစ်၏။ သို့ပါလျက် (ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သောအရှင် အ လျှင်း မရှိကြောင်းကို) သင်တို့သည် ဆင်ခြင်တုံတရားသုံး၍ တွေးခေါ် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။