Back to Languages

Burmese - Chapter 23 - Al-Muminun

Translation by Alin U Yin — Permalink

Verse 91 — Surah Al-Muminun 23:91

အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ဦးတစ်ယောက်ရယူဖန်တီးတော်မူခြင်း (ရုပ်ပွား၊ ကိုယ်ပွား၊ ဆင်းတုများကို အယူထား ဖန်တီး၍ ကိုးကွယ်ဆည်းဆပ်ခြင်းအား ခွင့်ပြုတော်မူခြင်း) အလျှင်း မရှိပေ။ ထိုအရှင်မြတ်နှင့်အတူ တွဲဖော်တွဲဖက်အဖြစ် (အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ကိုးကွယ်ထိုက်သောအရာ အဖြစ်) ခွင့်ပြုတော်မူခြင်း အလျှင်း မရှိချေ။ အကယ်၍ အရှင်မြတ်က ကိုယ်ပွား၊ ဘုရား၊ ရုပ်ပွားဆင်းတု (သားတော်၊ မယ်တော် အစရှိသော လူတို့၏စိတ်ကူးယဉ်အယူအဆဖြင့် ဖန်တီး၍ ကိုးကွယ်ဆည်း ကပ်နေကြသည့် အရာများကို ကိုးကွယ်ထိုက်သောအရာများအဖြစ်) ခွင့်ပြုတော်မူခဲ့လျှင် ထိုကိုးကွယ်ရာတိုင်းက ယင်းကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသည်ကို လျစ်လျူရှူ ဘေးချိတ်၍ အချို့သည် အချို့ထက် အနိုင်ရရန် (ပကတိ လွတ်လပ်မှုဖြင့် လွှမ်းမိုးနိုင်ရန်) သော ဧကန်မုချပင် အား ထုတ်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် လူတို့က စိတ်ကူးယဉ်အယူအဆဖြင့် လုပ်ကြံဖန်တီး၍ ကိုးကွယ်ဆည်းကပ်နေကြသည့်အရာများနှင့်ချို့တဲ့မှုများမှ လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူ ခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။