Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 10 — Surah An-Nur 24:10
စင်စစ်သော်ကား အကယ်၍ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော်များသည် (သင်တို့ ၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို လျစ်လျူရှူ ခွင့်လွှတ်တော်မူရန်) သင်တို့အပေါ် သက်ရောက်ခြင်းမရှိခဲ့လျှင် သင်တို့သည် သင်တို့ပြဿနာများကို တရားမျှတစွာနှင့်အမြော်အမြင် ကြီးစွာဖြင့် ဖြေရှင်း နိုင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်မှာမူကား နောင်တကြီးစွာဖြင့် အရှင့်ဘက်လှည့် (၍အသနားခံတောင်းပန်) ခြင်းကို (ရက်ရောစွာ) လက်ခံခွင့်လွှတ် တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။