Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 11 — Surah An-Nur 24:11

ဧကန်ပင်၊ (တမန်တော်မြတ်၏ကြင်ရာတော် ကျွန်ုပ်တို့၏မိခင်မွန် အာအေရှာသခင်မအား လုပ်ဇတ်ခင်း စွပ်စွဲ့သူတို့သည်) သင်တို့အနက်မှ သူတစ်ပါးအား အသရေဖျက်စေရန် လုပ်ကြံဖန်တီး၍ စွပ်စွဲပြောဆိုလျက် မုသားစကားဖြန့်ချီခဲ့သောအုပ်စုတစ်ခုပင် ဖြစ်၏။ ထိုကိစ္စအား သင်တို့အတွက် အဆိုးတရားဟု မထင်မှတ်ကြ လေနှင့်။ အမှန်မှာ ယင်းသည် သင်တို့အတွက် ကောင်းကျိုးပေးမည့်အရာပင် ဖြစ်၏။ သူတို့အနက်မှ တစ်ဦးတစ် ယောက်ချင်းစီအတွက် သူရှာဖွေဆည်းပူးခဲ့သော ပြစ်မှုရှိပြီး သူတို့အနက်မှ အကြီးဆုံးလှည့်ကွက်ဆင်၍ လုပ်ကြံ သည့်အသရေဖျက်မှုအား အဖြန့်ချီဆုံးသောသူသည် သူ့အတွက် အ လွန်ကြီးလေးသော ပြစ်ဒဏ်ခံစားလိမ့်မည် ဖြစ်၏။