Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 19 — Surah An-Nur 24:19

ဧကန်စင်စစ်၊ သက်ဝင်ယုံကြည်သူများအကြား၌ မကြားဝံ့မနာသာမှုများ (မဖွယ်မရာ ညစ်ညမ်းသော ပြုမူပြောဆိုချက်များ) အား ဖြန့်ချိပျံ့နှံ့ခြင်းကို နှစ်သက်လိုလားသောသူတို့အတွက် ဤလောကီဘဝနှင့်တ မလွန် ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်သည် ရှိနေ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာ ခပ်သိမ်းနှင့်အကြောင်းကိစ္စအလုံးစုံ၏သဘောသဘာဝအမှန်နှင့်တိကျပြတ်သားသော အ မှန်တရားကို) အကြွင်းမဲ့ သိနေတော်မူပြီး အသင်တို့မူကား မသိနားမလည်ကြချေ။