Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 2 — Surah An-Nur 24:2
ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူမနှင့်ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူတို့အား (ပြစ်မှုကျူးလွန်ကြောင့် ထင်ရှားလျှင်) သူတို့နှစ်ဦးအနက်မှ တစ်ဦးချင်းစီကို ကြိမ်ဒဏ်အချက်ပေါင်း တစ်ရာစီ ရိုက်ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြ၍ အလ္လာဟ်အရှင်မြတ်၏ဒီန် (ခေါ် လူ သားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ၌ (မြဲမြံစွာ) ရပ်တည်သူဖြစ်လျှင် သူတို့နှစ်ဦးအပေါ် ကရုဏာသက်ခြင်းဖြင့် သင်တို့က (အမိန့်ပညတ်ချက်များကို လိုက်နာဆောင်ရွက်ရာတွင်) မချုပ်တည်းကြလေနှင့်။ ထို့ပြင် သက်ဝင်ယုံကြည်သူတစ်စုအား သူတို့နှစ်ဦးအား ဒဏ်ခတ်အရေးယူမှုတွင် မျက် မြင်သက်သေများအဖြစ် ရှိစေလော့။