Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 21 — Surah An-Nur 24:21
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း မလိုက် ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း လိုက်နာလျှင် ဧကန်ပင် စေတန်မကောင်းဆိုးဝါးသည် (ထိုသူအား) မကြားဝံ့မနာသာသော ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှု ဒုစရိုက်များကိုသာ လုပ်ဆောင်ရန် မရမက စေ့ဆော်ညွှန်ကြားပေလိမ့်မည်။ အကယ်၍ အလ္လာဟ်အ ရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်များသည် (သင်တို့၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို ဥပေက္ခာပြု ခွင့်လွှတ်တော်မူရန်) သင်တို့အ ပေါ် သက်ရောက် ခြင်းမရှိခဲ့လျှင် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (အမြင်မှန် ရ၍ ဝန်ချတောင်းပန်လျက် နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းအောင် လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အမြင်မှန်ရ၍ ဝန်ချ တောင်းပန်လျက်) စင်ကြယ်သန့်ရှင်း စေတော်မူ၏။ စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။