Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 22 — Surah An-Nur 24:22
ထို့ပြင် သင်တို့အနက် ဂုဏ်အသရေနှင့်ကုံလုံကြွယ်ဝမှု ရှိသောသူများသည် ဆွေရင်းမျိုးရင်းများအား လည်းကောင်း၊ ဆင်းရဲချို့တဲ့သူများအားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မယုံကြည်သူတို့ ၏ညှင်းပန်းနှိပ်စက်မှုကြောင့် မွေးရပ်ဒေသနှင့်အိုးအိမ်စည်းစိမ်တို့ကို စွန့်၍ မဒီနာမြို့သို့) ရွှေ့ပြောင်းနေထိုင်သူ များအားလည်းကောင်း၊ (ကူညီထောက်ပံ့ခြင်းသည် အကူအညီပေးသူများအတွက် ထိခိုက်နစ်နာစေသည့်တိုင် အကူအညီအထောက်အပံ့များ) ပေးမည်မဟုတ် ဟု ကျိန်ဆိုခြင်း မပြုကြစေနှင့်။ အမှန်မှာ သူတို့ကို သည်းခံခွင့်လွှတ်သင့်သည့်အပြင် (စိတ်ရှည်ရှည်ဖြင့်) ဥပေက္ခာပြုသင့်၏။ (ထိုသို့ လျစ် လျူရှူလျက် သည်းခံခွင့်လွတ် ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည် သင်တို့အား (အပြစ်မှ) ခွင့်လွှတ်ချမ်းသာပေးတော်မူမည်ကို သင်တို့ မနှစ်သက် မလိုလားကြလေသလော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။