Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 23 — Surah An-Nur 24:23
ဧကန်စင်စစ်၊ ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်၍ ဂုဏ်သရေရှိသည့်အပြင် မရိုးသား မဖြောင့်မတ် သော မည်သည့်နည်းစနစ်ကိုမျှ သတိမမူ မသိနားမလည်သည့် ယုံကြည်သူ အမျိုးသမီးများအား (ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား) စွပ်စွဲသူတို့သည် လောကီဘဝနှင့်တမလွန်ဘဝ၌ အရှင်မြတ်၏မေတ္တာ ကရုဏာတော်မှ ကင်းဝေးစေ (သော ကျိန်ဆဲ) မှုကို ခံကြရပြီး သူတို့အတွက် ကြီးလေးလှစွာသော ပြစ်ဒဏ်သည် (လည်း) ရှိပေမည်။