Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 26 — Surah An-Nur 24:26
(ယုံကြည်မှုအတွေးအခေါ် ရည်စူးချက်နှင့်လုပ်ရပ်များတွင်) မသန့်စင်သော စာရိတ္တပျက်နေသော အမျိုး သမီးများသည် မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသားများနှင့်သာ ထိုက်တန်ပြီး (ယုံကြည်မှုအတွေး အခေါ် ရည်စူးချက်နှင့်လုပ်ရပ်များတွင်) မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသားများသည် မသန့်စင် သော စာရိတ္တပျက်နေသော အမျိုးသမီးများနှင့်သာ ထိုက်တန်၏။ ထို့ပြင် (ယုံကြည်မှု အ တွေးအခေါ် ရည်စူးချက် နှင့်လုပ်ရပ်များတွင်) သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသမီးများသည် သန့်ရှင်းစင်ကြယ် သော စာရိတ္တကောင်းမွန်သော အမျိုးသားများနှင့်ထိုက်တန်ပြီး အလား တူ သန့်ရှင်းစင်ကြယ်သော စာရိတ္တ ကောင်းမွန်သော အမျိုးသားများသည်လည်း သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသမီးများ နှင့်ထိုက်တန်၏။ သန့်ရှင်းစင်ကြယ်မှုနှင့် စာရိတ္တကောင်းမွန်မှုသည် ယုံကြည်မှုပေါ်မူတည်နေသောကြောင့် မယုံကြည်သူများက မည်သို့ပင် မတရားစွပ်စွဲသည်ဖြစ် သန့်ရှင်းစင်ကြယ်သော) ထိုပုဂ္ဂိုလ်များသည် သူတို့စွပ်စွဲ ပြောဆိုနေသောအချက်များမှ လုံးဝ ကင်းရှင်းသောသူများပင် ဖြစ်ကြပေသည်။ ထို (သန့်ရှင်းစင်ကြယ်သော) သူတို့အတွက် (အပြစ်မှ) လွတ်ငြိမ်းချမ်း သာခွင့်နှင့် မွန်မြတ်သော စားနပ်ရိက္ခာများ ရှိနေ၏။