Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 27 — Surah An-Nur 24:27
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို၊ သင်တို့သည် သင်တို့၏အိမ်များမှအပ အခြားအိမ်များအတွင်းသို့ သက်ဆိုင်ရာအိမ်သားများအား “ငြိမ်းချမ်းပါစေ ”ဟု 'စလာမ်' မေတ္တာပို့သ၍ ဝင်ခွင့်မတောင်းသမျှ ကာလပတ်လုံး ဝင်ရောက်ခြင်း မပြုကြလေနှင့်။ ထိုကဲ့သို့ (မေတ္တာပို့လျက် ဝင်ခွင့်တောင်း၍ ခွင့်ပြုချက်ရမှ) ဝင်ခြင်းသည် (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်တို့ သွန်သင်ထားသော လောကနီတိနှင့်အပြု အမူကောင်းများကို) သတိဝီရိယဖြင့်ပြုနိုင်ကြရန်အလို့ငှာ သင်တို့အတွက် အသင့်တော်ဆုံးနှင့်အကောင်းဆုံးပင် ဖြစ်ပေသည်။