Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 28 — Surah An-Nur 24:28
တစ်ဖန် အကယ်၍ သင်တို့သည် (ဝင်ရောက်လိုသည့်) ထိုအိမ်များတွင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ သင်တို့သည် ဝင်ခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ရောက်ကြလေနှင့်။ အကယ်၍ သင်တို့အား ပြန်ကြလော့ဟု ပြောဆိုလျှင် သင်တို့သည် (ဇွတ်ဝင်ရန်မကြိုးစားဘဲ) ပြန်သွားကြလော့။ ထို (သို့ဝင်ခွင့်မရလျှင် ပြန်လာခြင်း) သည် သင်တို့အတွက် အစင်ကြယ်ဆုံးနှင့်အမွန် မြတ်ဆုံးပင် ဖြစ်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို အသေးစိတ် သိနေတော်မူ၏။